ဇာတ်ဝင်တေး

တိမ်တွေက ရွာတော့မလိုနဲ့
လေမြူဆွယ်ရာ
ကောက်ကောက်ပါသွား
ကံကြမ္မာလမ်းလွှဲမှာ
မိုးမျှော်သူ
ပက်ကြားအက်လေးခမျှာ
သက်ပြင်းတရှိုက်ရှိုက်နဲ့
အသည်းငယ်လွန်းတဲ့
သစ်ရွက်လေး တွေကတော့Continue Reading

လမ်းကလေး

အလိုတူသည်ဖြစ်စေ မတူသည်ဖြစ်စေ
မိုးရွာတိုင်းရေချိုးရလွန်းလို့
အဆုတ်က ခဏခဏအအေးပတ်တယ်
နေပူရင်ကျောကော့အောင်
အငွေ့ပျံ ကျွမ်းလောင်ရ
နတ်ဘုရားတွေ့ရဲ့ အမေ့လျော့ခံရင်မြေပေါ်
အမှိုက်မျိုးစုံ ဝိုင်းဝန်းပစ်ချကြ
နှလုံးသားကို ချိုင့်ခွက်စေတဲ့
အရောင်အသွေးစုံခြေသံများContinue Reading

(၂၁)ရာစုအင်းဆက်များ

ဘယ်နှစ်ပေရှည်မှန်းမသိတဲ့ဘဝမှာ
ငါတို့ရတာက
အနာတစ်ခြားဆေးတစ်ခြား
ဒီလို…အတိတ်မေ့ဝေဒနာသည်ဖြစ်ခဲ့
ဆက်ရန်တွေကိုဆက်ခဲ့
မက်ရန်တွေကိုမက်ခဲ့
အလင်းအားချို့တဲ့သောနေရာများ၌
အဝိဇ္ဖာတွေပိုလို့လင်းခဲ့Continue Reading

လရောင်

အဖြူရောင် မှော်မီးခိုးလက်ချောင်းတွေ
ညကို ညနှင့် ထိုင်မျှားနေတဲ့ ညပေါ်အုပ်မိုး
အင်းဆက်တစ်ကောင်ရဲ့ မီးကျွမ်းအသည်းကို ဆွဲထုတ်
နို့နစ်ရေနှင့် ပြန်သခဲ့၊Continue Reading

ခေါင်းစဉ်မဲ့ ခေါင်းစဉ်

အမှားကိုယ်စီနဲ့ မှန်နေကြတဲ့ လောကထဲ
ဒုက္ခကို မုန့်ဖိုးပြတ်တာလောက်
ကြုံဖူးတဲ့ ကလေးတစ်ယောက်ဟာ
တက်ကျမ်းတွေထဲက စကားလုံးထူထူတွေရဲ့
မှော်စွမ်းအားကို ရှာဖွေနေမယ်
ကမ္ဘာတစ်ခုလုံးပြာကျခဲ့ပြီး
ဖျာတစ်ချပ်စာတောင် ပြန်မရတဲ့
အညတရအရူးတစ်ယောက်ကတော့
အရာရာကို မယုံ ကြည်မှုရဲ့ အရေးပေးခံနေရမယ်
ဖြစ်နိုင်ရင်
မဖြစ်နိုင်တာမရှိဘူးဆိုတဲ့ ပညာရှိကြီးနဲ့
မကြွေချင်ဘဲ ကြွေခဲ့ရတဲ့ ခရေတစ်ပွင့်အကြောင်း
နွေရာသီမှာမှ ပွင့်ရတဲ့ ဆီးနှင်းတစ်ပွင့်အကြောင်း
ဆွေးနွေးချင်နေမယ်Continue Reading