ဒီပြဿနာကို တခြားလူတွေ ကြုံဖူးကြလား မသိ၊ ကျွန်တော်လည်း အရင်က သူများဆိုက်တွေမှာ ထည့်တုန်းက ဘာမှ မဖြစ်ဘူး၊ အခုမှ ကိုယ့်ဆိုက်မှာ ထည့်မယ် လုပ်တော့မှ ကြုံရတယ်။ ဆိုက်တော်တော် များများမှာ facebook like plug in လေးတွေ ထည့်ထားကြတာ တွေ့ဖူးကြမှာပါ။ ဒါကို ဘယ်လို လုပ်လည်း ဆိုတာတော့ မပြောတော့ပါဘူး၊ ကျွန်တော် ကြုံရတဲ့ ပြဿနာနဲ့ ဖြေရှင်းလိုက်ပုံကိုပဲ အတိုလေး ပြောပါမယ်။
ကျွန်တော်လည်း ထုံးစံအတိုင်း facebook page တစ်ခု လုပ်ပြီး၊ ဆိုက်ကို အဲဒီပေ့ချ်နဲ့ ချိတ်လိုက်ပါတယ်၊ ပုံမှန် အားဖြင့်တော့ ကိုယ့်ဆိုက်ရဲ့ ဆိုက်ဘားမှာ ဖြစ်ဖြစ် ဘယ်မှာ ဖြစ်ဖြစ်၊ အဲဒီ facebook page လင့်လေးဟာ အမြဲတမ်း ပေါ်နေရမှာပါ၊ ဆိုက်ကို လာကြည့်တဲ့ သူက ဖေ့ဘွတ်ကို log in ၀င်ထားသည် ဖြစ်စေ၊ မ၀င်သည် ဖြစ်စေပေါ့။ ဒါပေမယ့် ကျွန်တော် လုပ်လိုက်တဲ့ အခါမှာတော့ လာကြည့်တဲ့ သူဟာ ဖေ့ဘွတ်ကို ၀င်မထားဘူး ဆိုရင် ကျွန်တော့် ဆိုက်ဘားမှာ အဲဒီ ဖေ့ဘွတ် ပေ့ချ် ပုံလေးက မပေါ်ပါဘူး၊ ကဲ ဘယ်လို ဖြစ်လို့လဲ။ ကျွန်တော်က ဒီလင့်က ကုတ်တွေကို ယူသုံးတာ ဆိုတော့ ကုတ်တွေမှာများ တစ်ခုခု မပြည့်စုံလို့လား ဘာလား စသည်ဖြင့် ခေါင်းတောင် တော်တော် နောက်ခဲ့ရပါသေးတယ်။ နောက်တော့မှ google အားကိုးနဲ့ အဆင်ပြေသွားတယ် ဆိုပါတော့။
သိသွားတော့လည်း ဘာမှ မဟုတ်သလိုပါပဲဗျာ၊ တကယ်ကို ဘာမှ မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ facebook page setting ကနေ အသက်တို့၊ နိုင်ငံတို့ကို ကန့်သတ်ထားလို့ပဲ။ ပုံထဲက အတိုင်းပါပဲဗျာ၊ တကယ်လို့များ ခင်ဗျားမှာ ဒီလို ပြဿနာ ဖြစ်နေမယ် ဆိုရင်ပေါ့၊ edit page ကို နှိပ်ပြီး၊ edit settings ကနေ Age Restrictions ဆိုတဲ့ setting ထဲမှာ Anyone (13+) ဆိုတာကို ၀င်ရွေးပေးလိုက်ပါ။ ဒါဆိုရင်တော့ အဆင်ပြေ သွားပါလိမ့်မယ်။
ကျွန်တော့်ကို ပြောပြပေးတဲ့ ဆိုက်တွေကတော့ http://www.profromgo.com/facebook-social-plugin-not-working နှင့် http://stackoverflow.com/questions/7268100/facebook-like-box-plugin-doesnt-show-up-for-logged-out-users-only-for-logged-i တို့ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။